ရေဖြူ ၂ ဇန်နဝါရီ
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရိုးရာဖိတ်ခေါ်လှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပထမနေ့ပြိုင်ပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (ခ)ရပ်ကွက်၊ ကမ်းနားလမ်း၌ ထားဝယ်မြစ်အတွင်း ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အဖွင့်အမှာစကားပြောကြားပြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဝင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် လှေပြိုင်ပွဲကျင်းပရေးကော်မတီဉက္ကဋ္ဌ ဦးထွန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲပထမနေ့တွင် အမျိုးသား (၇)တက်အသင်း၊ အမျိုးသား (၉)တက်အသင်း၊ အမျိုးသား (၁၁)တက်အသင်း၊ အမျိုးသမီး (၇)တက်အသင်းနှင့် အသက်(၂၅)နှစ်အောက် အမျိုးသားအသင်းများ ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်ဖြူဖြူရှိန်