ပဲခူး ၂ ဇန်နဝါရီ

 

ပဲခူးပြည်သူ့ ဆေးရုံကြီးအတွင်း အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီးနှင့် ဒါယကာ ဒါယိကာမများ စုပေါင်းလှူဒါန်းထားသည့် အောင်သုခ (၄)ထပ် ဆေးရုံအဆောင်သစ် တည်ဆောက်နေမှု အား ယနေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဥပဒေချုပ် ဦးအုန်းမြင့်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးကြသည်။

 

03

 

ဝန်ကြီးချုပ်နှင့်အဖွဲ့အား အောင်သုခ (၄)ထပ် အဆောက်အအုံနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်း ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်တူးဖော်နေသည့် စက်ရေတွင်းနှင့် (၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ(၄)လုံး ဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုရာ ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်‌မောင်မှ ရှင်းလင်းတင်ပြသည်။

 

04

 

အောင်သုခ (၄)ထပ် ဆေးရုံအဆောင်သစ်ကြီးသည် ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ဆရာတော်ကြီးနှင့် တပည့်ဒါယကာ၊ ဒါယိကာမများမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ယခုအခါတွင် ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ရာ ၂၀၂၀ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

05

 

တင်စိုး(ပဲခူး)