မြစ်ကြီးနား ၂ ဇန်နဝါရီ 

 

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၂)နှစ်မြောက် လွပ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်အတွင်း စိမ်းလဲ့ကန်သာ ကတ္တရာလမ်းသစ်ကို ယနေ့ နံနက်  ၁၀ နာရီတွင် အဆိုပါလမ်းသစ်၌ ဖွင့်လှစ်သည်။

 

6

 

ကတ္တရာလမ်းသစ်ကို မြို့နယ်စည်ပင်နှင့် ပြည်သူပူးပေါင်း၍ ရန်ပုံငွေကျပ် (၈၅၅)သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အရှည်ပေ ၂၆၀ဝ ရှိကာ အဆိုပါကတ္တရာလမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် လမ်းဖြစ်မြောက်ရေးအဖွဲ့ ရပ်မိ ရပ်ဖ ဦးတင်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အောင်မြင်မှု ရရှိသလို ဆက်လက်၍လည်း ပြည်သူပူးပေါင်းပါဝင်မှုနှင့်အတူ ဘက်ပေါင်းစုံ/ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြရာ လမ်းဖြစ်မြောက်ရေးအဖွဲ့၊ ရပ်မိရပ်ဖ ဦးတင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ပြည်နယ်(ပြန်/ဆက်)