ချောင်းဆုံ ၂ ဇန်နဝါရီ
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြသည်။
ကျေးရွာ (၄၆) အုပ်စုရှိ ဘိုးဘွား(၉၆၇)ဦးကိုယ်စား ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများမှ လူမှုရေးအသင်းအဖွဲ့ဝင်များက ကျေးရွာအလိုက် ထောက်ပံ့ငွေများ လာရောက်ထုတ်ယူခဲ့ပြီးနောက် ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်လှူဒါန်းပေးမည်ဖြစ်ကြောင်းနှင့် လူမှုရေးပင်စင်ရ ဘိုးဘွား(၉၆၇)ဦးအား (၃)လတစ်ကြိမ် တစ်ဦးလျှင်(၃)သောင်းကျပ်ဖြင့် စုစုပေါင်း ငွေကျပ် (၂၉၀) သိန်း (၁) သောင်းကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကေအေ(ချောင်းဆုံ)