ကျောက်မဲ  ၂  ဇန်နဝါရီ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်အတွင်း ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျောက်မဲခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင် ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးမျိုးကျော်၊ ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ 

 

a

 

အဆိုပါအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ကျောက်မဲခရိုင် သန်းခေါင် စာရင်းကော်မတီဉက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီး ကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးထိန်ဝင်းက ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် လက်ရှိလူဦးရေးနှင့် လူမှုစီးပွားဆိုင်ရာ စာရင်းအင်း အချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ အနီးစပ်ဆုံး ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း ၊ ကြားဖြတ် သန်းခေါင်စာရင်းကို ယခင်ကဲ့သို့ မေးခွန်းပုံစံစာရွက်ဖြင့် ကောက်ယူခြင်းမဟုတ်ဘဲ မိုဘိုင်း (Tablet)ဖြင့် ကောက်ယူ သွားမည်ဖြစ်ကြောင်း၊ သင်တန်းကို ဇန်နဝါရီ ၂ ရက်မှ ၁၂ ရက်အထိ  ၁၁ ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ စာရင်းကောက်ကာလကို ဇန်နဝါရီ ၁၅ ရက်မှ ၂၈ ရက်အထိ ၁၄ ရက်ကြာ သတ်မှတ်ထားပြီး သတ်မှတ်ကောက်ကွက် များတွင် စာရင်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

a

 

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၃ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။ 

မိုင်းထွန်း(ခရိုင် ပြန်/ဆက်)