နေပြည်တော် ၂ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ International Women’s Peace Group(IWPG) အဖွဲ့မှ Operation Manager Ms. Na Hyung Jun နှင့်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် IWPG အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများနှင့် အမျိုးသမီးများဖွံးဖြိုးတိုးတက်ရေးဆိုင်ရာများကို ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ အပါ အဝင် နိုင်ငံပေါင်း(၁၀ဝ)ကျော်တွင် ရုံးခွဲများဖွင့်လှစ်၍ ဆောင်ရွက်နေမှု၊ IWPG အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာအစီအစဉ်များတွင် ဆောင်ရွက်နေမှု၊ အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများတွင် ပိုမိုပါဝင်နိုင်ရန်အတွက် Peace Education ကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် Commission on Status of Women နိုင်ငံတကာညီလာခံ၌ မြန်မာနိုင်ငံမှ ပူးပေါင်း၍ Side Event တစ်ခု ပူးတွဲပြုလုပ်နိုင်ရန်ဖြစ်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။
သတင်းစဉ်


