နေပြည်တော် ၂ ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမရှေ့ ရင်ပြင်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ (၄) ရက် နံနက်(၇)နာရီမှ စတင်၍ ကျင်းပသွားမည်ဖြစ်သည်။

 

အဆိုပါ အခမ်းအနားကျင်းပပုံများကို ယင်းနေ့နံနက် (၆)နာရီ မိနစ်(၄၀)မှ စတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)၊ MITV၊ Up to Date၊ Channel 9၊ MNTV၊ MRTV-4၊ မြဝတီရုပ်မြင်သံကြား (MWD)၊ မြန်မာ့အသံရေဒီယို၊ Ministry of Information Facebook Page၊ MRTV Facebook Page နှင့် Myanmar Digital News Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်