ညောင်ဦး ၂  ဇန်နဝါရီ

           

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်းသည်  ယနေ့ နံနက်ပိုင်းတွင် ညောင်ဦးခရိုင်တရားရုံး၌ ကျင်းပသည့် နိုင်ငံတဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်သည်။

           

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်ဆန်း၊ ညောင်ဦး ခရိုင်အတွင်းရှိ တရားရေး အရာရှိများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ဦးမြင့်စိန်၊ ခရိုင် အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိများ၊ ဥပဒေအရာရှိများ၊ ဥပဒေအထောက်အကူပြု အဖွဲ့ဝင်များ၊ ရှေ့နေများ၊ လူမှုဝန်ထမ်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

           

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးမြင့်ဆန်း နှင့် ညောင်ဦးခရိုင်တရားသူကြီး ဒေါ်သူဇာအောင်တို့က မှုခင်းစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ခရိုင်(ပြန်/ဆက်)