ဆော ၃ ဇန်နဝါရီ
(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ဂန့်ဂေါခရိုင်၊ ဆောမြို့ ၌ ကျင်းပလျက်ရှိရာ အလွတ်တန်း ဘောလီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီမှ စတင်၍ မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားလျက် ရှိကြကြောင်း သိရသည်။

အဆိုပါ ဘောလီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်နေ့အထိ ဆက်လက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး ယင်းနေ့တွင် ချောတိုင်တက်၊ လွန်ဆွဲ၊ ခေါင်းအုံးရိုက်၊ ပြေးခုန်ပစ်နှင့် အခြား အားကစားပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲအလိုက် ဆုရရှိသူများကို (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနမှ နည်းစနစ်မှူး ဦးအောင်မြင့်ထွန်းထံမှ သိရသည်။
ဇော်မျိုးသန့်(ပြန်/ဆက်)