မြို့သစ် ၃ ဇန်နဝါရီ
မကွေးခရိုင် မြို့သစ်မြို့နယ်ဆူးတပ်ကြီးကျေးရွာအုပ်စု ရွှေဘိုကျေးရွာ နှင့် ပုတီးကုန်းကျေးရွာအုပ်စု ရေကြည်ပင် ကျေးရွာတို့တွင် ယမန်နေ့နံနက်က မြို့နယ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
"သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီ အဖွဲ့စည်းက စာရင်းစစ်/ကောက်ယူမှုများကို တစုတစည်းတည်း ကောက်ယူပြီး ရပ်ကွက် ကျေးရွာများမှ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အနီးစပ်ဆုံး မှန်ကန်စွာ ခန့်မှန်းနိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်"ဟု မြို့နယ်ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်ထွန်းက ပြောသည်။
အဆိုပါ ကျေးရွာများတွင် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူနေမှု အခြေအနေအား မြို့နယ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် မြို့နယ်ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်ထွန်းနှင့် ဝန်ထမ်းများက စာရင်းကောက်ယူနေမှုကို ပံ့ပိုးဆောင်ရွက်ခဲ့ပြီး မြို့သစ်မြို့နယ်အတွင်း ကြားဖြတ်လူဦးရေ သန်းခေါင်းစာရင်း ကောက်ယူရေးကို ဇန်နဝါရီ ၂ ရက်မှ ၁၅ ရက်အထိ စာရင်းစစ်/ကောက် ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်ဆက် )