ကျောင်းကုန်း ဇန်နဝါရီ ၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းအုပ်စု၊ အ.ထ.က(ခွဲ) ဝက်ချောင်း ပညာရေး စုံညီပွဲတော်ကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

 

42

 

ရှေးဦးစွာ ကျောင်းသားကျောင်းသူလေးများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ထိန်ဝင်း နှင့် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်တို့က အသီးသီး အမှာစကား ပြောကြား ခဲ့ကြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ပညာရေးဆောင် ပုဒ်ဖြစ်သော စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ကောင်းမွန်စေရန် ပြောကြားခဲ့သည်။

 

43

 

ထို့နောက် မြို့နယ်ပညာရေးမှူး ဦးလှသောင်း က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ အ.ထ.က(ခွဲ)ဝက်ချောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ယင်းမာရွှေ က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမများ၊ ခွင့်ရက်မပျက်ဆု ရရှိသော ဆရာဆရာမများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

 

ဆက်လက်၍ KG မှ ဒသမတန်းအထိ ဆုရရှိကြသူများ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)