နေပြည်တော် ၃ ဇန်နဝါရီ

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည်များသည် ဇန်နဝါရီလ ၁ ရက်မှ ၂ ရက်အထိ တာချီလိတ် နယ်စပ် ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက် လည်ပတ်ကြသည့် ထိုင်းနိုင်ငံသား (၇၃၀၉) ဦးနှင့် တတိယနိုင်ငံသားနိုင်ငံခြားသား ခရီးသွား ဧည့်သည် (၁၈၂) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် အနေဖြင့် ထိုင်းနိုင်ငံသားအများစု ပါဝင်သော တတိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် (၂၄) ဦး၊ ပြည်တွင်း ခရီးစဉ်သို့ လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွား ဧည့်သည် (၁၈၄) ဦး ရှိကြောင်း သိရသည်။ 

နေ့ချင်းပြန်ခရီးစဉ်အဖြစ်  တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ် မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီတော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင် ကျေးရွာ၊ နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွားရောက်လည်ပတ်ကြပြီး လန့်တောင်းနေ့ချင်းပြန်ခရီးစဉ်အဖြစ် မိုင်းလင်းဆရာတော်ကျောင်း၊ ရှေးဟောင်းတန်ခိုးကြီးစေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူစသည့် တိုင်းရင်းသားကျေးရွာများသို့ လေ့လာလည်ပတ်ကြသည်။

 

‌ေ

 

ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီးဘုန်းကြီးကျောင်း၊ သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင်၊  ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ ဘုရား၊ ဟိုခုံကျောင်း၊မြဘုရားကျောင်း၊ ကျိုင်းရင်းဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင်းစေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်းကုန်းဘုန်းကြီးကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ ဘုရားကြီး၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာ အနီးရှိ ကိုးထပ်ရေတံခွန်စသည့် အထင်ကရနေရာများသို့ သွားရောက်လည်ပတ်ခဲ့ကြပြီး တာချီလိတ်မြို့မှ လေကြောင်းဖြင့် တိုက်ရိုက်ပျံသန်းသည့် ဟဲဟိုး- ရန်ကုန်-မန္တလေး-မြစ်ကြီးနား-လားရှိုးမြို့များမှ တစ်ဆင့်  မြန်မာနိုင်ငံအတွင်းပိုင်းရှိ ခရီးစဉ်များ အား ဝင်ရောက်လည်ပတ်ခဲ့ကြသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၂ ရက်အထိ ခရီးစဉ်တစ်ခုတွင် မော်တော်ယာဉ် (၂) စီး ၊ လူဉီးရေ (၄) ဉီး တာချီလိတ်မြို့မှ ဝင်ရောက်ခဲ့ပြီး ပြည်တွင်းပိုင်း ခရီးစဉ်များအား သွားရောက်လည်ပတ်ခဲ့ကြကာ မြန်မာနိုင်ငံနယ်စပ်ဝင်/ထွက် ပေါက်အသီးသီးမှ ထွက်ခွာသွားသည်။

 

‌ေ

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ ဇန်နဝါရီလ (၂) ရက်နေ့အထိ  နေ့ချင်းပြန်/ညအိပ်ထိုင်းနိုင်ငံသား (၇၃၀၉) ဦး၊ တတိယနိုင်ငံသား အများစု ပါဝင်သော ခရီးသည် (၁၈၂) ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် စုစုပေါင်းခရီးသည် (၂၄) ဦး၊ ဗီဇာ (ဗီဇာကင်းလွတ်ခွင့်) စုစုပေါင်းခရီးသည် (၁၈၄) ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

MDN