စစ်ကိုင်း ၃ ဇန်နဝါရီ
စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ ယနေ့ ညနေ ၃ နာရီ ၅၅ မိနစ်ခန့်က ဦးဝင်းဖြိုးခန့်ဦးပိုင် ရွှေအုန်းပင်ခေါက်ဆွဲစက်တွင် ခေါက်ဆွဲများ အခြောက်ခံရန် ထင်းမီးသုံး ပေါင်းဖိုမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းရာသို့ စစ်ကိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်နိုင်ဦးစီး၍ သန္ဓေတပ် ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်မှတပ်မတော်သား များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများက မီးသတ်ယာဉ် ၈ စီး၊ ရေသယ်ယာဉ်(၃)စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
ဇော်မြင့်နိုင် (စစ်ကိုင်းခရိုင်ပြန်/ဆက်)


