(၇၂)နှစ်ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၃ နာရီခွဲ အချိန်မှစ၍ မြို့တော်ခန်းမရှေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အခမ်းအနားကျင်းပစဉ် နံနက် ၃ နာရီခွဲအချိန်မှစ၍ အခမ်းအနားပြီးဆုံးချိန်အထိ အောက်ဖော်ပြပါအတိုင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

 

(က) မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊

 

( ခ ) ဘဏ်လမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိလည်းကောင်း၊

 

(ဂ) ကုန်သည်လမ်းအား ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းအထိလည်းကောင်း၊  လမ်းပိတ် ထားမည်ဖြစ်သဖြင့် မဟာဗန္ဓုလလမ်းမှလာသော ယာဉ်လိုင်းများအနေဖြင့် ဆူးလေဘုရားလမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းလမ်းမှလည်းကောင်း၊ ကုန်သည်လမ်းမှလာသော ယာဉ်လိုင်းများအနေဖြင့် ပန်းဆိုးတန်းလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းအတိုင်း မောင်းနှင်ကြပါရန်၊

 

(ဃ) အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၏ မော်တော်ယာဉ်များအား ပန်းဆိုးတန်း လမ်းနှင့် ဆူးလေဘုရားလမ်းကြားရှိ ကုန်သည်လမ်းပေါ်တွင်လည်းကောင်း၊ ဘဏ်လမ်းပေါ်တွင် လည်းကောင်း၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ ယာဉ်ပါကင်များတွင်လည်းကောင်း ရပ်နားနိုင်ပါကြောင်း သတိပေးနှိုးဆော်အပ်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီ