ကျိုက်မရော ၄ ဇန်နဝါရီ
(၇၂)နှစ် မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ကျိုက်မရောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန ရုံးရှေ့တွင် ကျင်းပခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံလွှင့်ထူကာ စုပေါင်းအလေးပြုကြသည်။
ထို့နောက် နံနက် ၇ နာရီအချိန်တွင် ကျိုက်မရောမြို့ လွတ်လပ်ရေးကျောက်တိုင်၌ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်မြင့်က ဖတ်ကြားပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)