အိမ်မဲ ၄ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူးကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြပွဲ ပြိုင်ပွဲများတွင် ဆုရရှိသော ကလေးငယ်များအား ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကလေးပြပွဲပြိုင်ပွဲတွင် ဆုရရှိသော အမွှာဆု၊ မွေးစမှ ၆ လဆု၊ ၆ လမှ ၁ နှစ်ဆု၊ ၁ နှစ်မှ ၂ နှစ်ဆု၊ ၂ နှစ်မှ ၃ နှစ်ဆုများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)