နေပြည်တော် ၄ ဇန်နဝါရီ

 

 ၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီတွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း (၁ နှင့် ၃)၌ ပြေးခုန်ပစ် မီတာ (၁၀ဝ/၂၀ဝ/၄၀ဝ/၈၀ဝ)ပြိုင်ပွဲ၊ ထုပ်ဆီးတိုး (အမျိုးသမီး)၊ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ကျင်းပသည်။

 

mdn

 

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဝင်းမော်၊ ဒေါက်တာဦးပွားနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

 

mdn

 

လွန်ဆွဲပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း(၃)၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းမှ လည်းကောင်း၊ (အမျိုးသမီး) လွန်ဆွဲ တတိယလုပြိုင်ပွဲ ပွဲစဉ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အသင်းမှ လည်းကောင်း၊ (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထောင်စုရာ ထူးဝန်အသင်းနှင့် ကာကွယ်ရေးဝန်ကြီဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းမှ လည်းကောင်း၊ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကာကွယ်ရေးဝန်ကြီးဌာနအသင်းမှ လည်းကောင်း အနိုင်ရရှိခဲ့သည်။

 

mdn

 

ပြိုင်ပွဲအပြီး ဆုပေးပွဲကျင်းပရာ မီတာ၁၀ဝအပြေး(အမျိုးသမီး) ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးမှ လည်းကောင်း၊ မီတာ၁၀ဝ(အမျိုးသား)ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေမှ လည်းကောင်း၊ ပြေးခုန်ပစ် မီတာ ၂၀ဝ(အမျိုးသမီး) ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဝင်းမော်မှလည်းကောင်း၊ မီတာ ၂၀ဝ(အမျိုးသား) ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းဟန်မှ လည်းကောင်း၊ ပြေးခုန်ပစ် မီတာ ၄၀ဝ(အမျိုးသမီး)ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးညီညီစန်းမှလည်းကောင်း၊ ပြေးခုန်ပစ် မီတာ ၄၀ဝ(အမျိုးသား) ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဒေါက်တာဦးပွားမှ လည်းကောင်း၊ ပြေးခုန်ပစ် မီတာ ၈၀ဝ(အမျိုးသား) ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ဝင်းမှ လည်းကောင်း၊ ပြေးခုန်ပစ် မီတာ ၈၀ဝ(အမျိုးသမီး)ပြိုင်ပွဲတွင် ဆုရရှိသူများအား ပြည်ထောင်စုလွှတ်တော်ရုံး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဖုန်းကြည်အောင်မှ လည်းကောင်း။

 

mdn

 

ဆက်လက်၍ ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်း၊ ဒုတိယ ပြည်ထောင်စုလွှတ်တော်ရုံးအသင်း၊ တတိယ ပညာရေးဝန်ကြီးဌာနအသင်း၊ စတုတ္ထ ပြည်သူ့လွှတ်တော်ရုံးအသင်းတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ လည်းကောင်း၊ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲတွင် ပထမ ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊ ဒုတိယ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်း၊ တတိယ ပြည်ထောင်စုရာထူးဝန်အသင်း၊ စတုတ္ထ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲတွင် ဒုတိယ ကာကွယ်ရေးဝန်ကြီးဌာနအသင်း၊  တတိယ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအသင်းနှင့် စတုတ္ထ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအသင်းတို့အား အားကစားနှင့် ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ လည်ကောင်း။

 

mdn

 

ယင်းနောက် လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲတွင် ပထမဆုရရှိသော ပြည်ထောင်စုရာထူးဝန်အသင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်