ရန်ကုန် ၄ ဇန်နဝါရီ

 

ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် အင်္ဂလိပ်သတင်းစာဖတ်နည်းနှင့် ဘာသာပြန်သင်တန်းများ၌ နိုင်ငံ့ဝန်ထမ်း ငါးဦးကို သင်တန်းအပတ်စဉ်တိုင်း အခမဲ့တက်ရောက်ခွင့်ပေးထားသည့် EMP Empower သင်တန်းကျောင်းက ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖွင့်လှစ်မည့် သင်တန်းများတွင်လည်း နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ကြရန် ဖိတ်ခေါ်ထားသည်။

 

သင်တန်းများတွင် စနေနေ့သီးသန့်နှင့် တနင်္ဂနွေနေ့ သီးသန့်အတန်းများရှိပြီး နံနက် ၉ နာရီမှ ၁၂ နာရီအထိ တက်ရောက်ရမည်ဖြစ်ကာ သင်တန်းကာလမှာ ၇ ပတ်ဖြစ်သည်။ စနေနေ့ မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ အင်္ဂလိပ်သဒ္ဒါနှင့် စာရေးနည်းသင်တန်းကိုပါ အတန်းသစ် ဖွင့်လှစ်မည်ဖြစ်ရာ အဆိုပါသင်တန်းသို့လည်း နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ကြရန် ဖိတ်ခေါ်ထားသည်။ သင်တန်းကို အခန်း ၅၀၄၊ Delta Plaza Building (C)၊ အလယ်ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်ထားပြီး အသေးစိတ်သိလိုသည်များကို ဖုန်း ဝ၉-၄၅၅-၂၇၅-၇၈၇၊ ဝ၉-၇၃၁၃၄၂၅၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

 

ကိုစိုး