ဂန့်ဂေါ ၅ ဇန်နဝါရီ
ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းကျေးရွာ ရွာတည် နှစ် (၁၀၀)ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲကို ဇန်နဝါရီ ၄ ရက် ည ၇ နာရီက တောင်ခင်ရန်းရွာ ပညာလင်္ကာရဓမ္မာရုံတွင် ပြုလုပ်သည်။

ဟောပြောပွဲတွင် ဆရာမဒေါ်ယဉ်ယဉ်နု (မန္တလေး) နှင့် အကြင်သူ (ယောမြေ) တို့က စာပေရေးရာများ ဟောပြောကြသည်။
ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများတွင် ရွာတည်မှတ်တမ်းများကို ကျေးရွာနရီတိုင်များ စိုက်ထူမှတ်တမ်းတင်လျက်ရှိရာ တောင်ခင်ရန်းကျေးရွာ ရွာတည်မှတ်တမ်းမှာ မြန်မာသက္ကရာဇ် ၁၂၈၈ ခုနှစ် နတ်တော်လဆန်း ၉ ရက်ဖြစ်ကြောင်း အဆိုပါကျေးရွာ နရီတိုင်ပါ မှတ်တမ်းအရ သိရသည်။
တောင်သားမောင်သန်း