တနင်္သာရီ ၅ ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အ.ထ.က တနင်္သာရီကျောင်း၏ ကျောင်းဝင်းအတွင်းတွင် ကျောင်းသူ/ကျောင်းသားများက ကျောင်း၏ဥပဓိရုပ် ကောင်းမွန်းပြီး သန့်ရှင်းသာယာလှပစေရေးအတွက် ဇန်နဝါရီ ၅ ရက် နံနက် ၇ နာရီက ကျောင်းဝင်းအတွင်းရှိ စွန့်ပစ်အမှိုက်များအား ကောက်ယူရှင်းလင်းခြင်းနှင့် စုပုံပေးခြင်းလုပ်ငန်းကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့် ဆရာမများ၏ ဦးဆောင်မှုဖြင့် အ.ထ.က တနင်္သာရီကျောင်း၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ ၂ ရက်မှစ၍ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သဖြင့် အဆိုပါပွဲတော်ရက်ကာလအတွင်း လာရောက်ကြည့်ရှုသူများနှင့် ဈေးရောင်းပွဲသို့ လာရောက်ကြသူများမှ စွန့်ပစ်ခဲ့သည့် အမှိုက်များအား ကျောင်းအုပ်ဆရာကြီး ဦးအေးနိုင်နှင့် ဆရာမများ၏ ဦးဆောင်မှုဖြင့် ကျောင်းသူ/ကျောင်းသားများက ကောက်ယူရှင်းလင်း၍ စနစ်တကျ စုပုံထားရှိပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

 

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)