နေပြည်တော် ၅ ဇန်နဝါရီ
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက်တွင် တုတ်ဆောက်ကျေးရွာ၏ အရှေ့ဘက် ၂မိုင်ခွဲခန့်အကွာ၌ အမြင့် ၁ ပေခန့် သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၁၂ ဧကခန့်အား ဖျက်ဆီးခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နန်းယွန်းမြို့နယ်၊ တကားကျေးရွာ၏ တောင်ဘက် ၅မိုင်ခန့် အကွာ၌ အမြင့် ၅လက်မခန့် ဖွံ့ဖြိုးဆဲ ဘိန်းစိုက်ခင်း ၂ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)