အိမ်မဲ  ၇   ဇန်နဝါရီ       

 

ဧရာဝတီတိုင်းဒေသကြီး၊   မြောင်းမြခရိုင် ၊  ကအိမ်မဲမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) စီမံချက် ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို  ဇန်နဝါရီလ  ၇ ရက်နေ့ နံနက် ၁၀ နာရီ က အိမ်မဲမြို့နယ် ကျေးလတ်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး သင်တန်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

 

mdn

 

သင်တန်းဖွင့်ပွဲတွင် အိမ်မဲမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၁) ဒေါ်ရီရီထွန်းက သင်တန်းဖွင့်ရခြင်း ရည်ရွယ်ချင်များနှင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသင်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။

 

အဆိုပါ သင်တန်းတွင် (VDP) စီမံကိန်းကျေးရွာ (၁၃) ရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ (၄)ရက်ကြာ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)စီမံချက် ရေးဆွဲနည်းများ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

 

ဌေးဌေးလှိုင်(ပြန်/ဆက်)