ပုဂံ-ညောင်ဦး  ၇  ဇန်နဝါရီ

 

မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံးဗဟိုမှ ကြီးမှူး၍ ပုဂံအနုပညာပွဲတော် Art Expo Bagan 2020 ဖွင့်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်း သုတေသန ပြတိုက်တွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

mdn

 

အခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကြည်မင်း၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

 

mdn

 

ဆက်လက်၍ ဒုတိယဝန်ကြီးဦးကြည်မင်းနှင့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင် တို့က အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံပန်းချီ၊ ပန်းပု အစည်းအရုံးဗဟိုမှ တာဝန်ရှိသူ တစ်ဦးက ပန်းချီပြပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

 

mdn

 

အဆိုပါပန်းချီပြပွဲတွင် ပြည်တွင်းပန်းချီပညာရှင် ၆၀ဝ ဦးနှင့် နိုင်ငံတကာပန်းချီပညာရှင် ၂၀ ဦးတို့၏ ပန်းချီကားပေါင်း ၆၀ဝ ကျော် ခင်းကျင်းပြသထားသည်။

 

mdn

 

ပန်းချီပြပွဲကို ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄:၃၀  နာရီအထိ ပြသထားမည်ဖြစ်ပြီး မည်သူမဆိုလာရောက် ကြည့်ရှုလေ့လာဝယ်ယူနိုင်မည်ဖြစ်သည်။

 

mdn

 

Art Expo Bagan 2020 ဖွင့်ပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးကြည်မင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် ညောင်ဦးခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်း သိရသည်။

 

ဖေလိန်း(ပုဂံ)

 

mdn