မန္တလေး ၇ ဇန်နဝါရီ

 

ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်ထောင်ကျပ်တန်ငွေစက္ကူများကို ယနေ့ ဇန်နဝါရီ(၇) နံနက်ပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်(ဘဏ်-၁)နှင့် (ဘဏ်-၂) တို့တွင် စတင် လဲလှယ်ဖြန့်ဝေပေး လျက်ရှိသည်။

 

58

 

မန္တလေးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်(ဘဏ်-၁)နှင့် (ဘဏ်-၂) တို့သည် နံနက်၉နာရီခွဲမှ စတင်ပြီး တစ်ဦးလျှင် မှတ်ပုံတင်နှင့်အတူ ဗိုလ်ချုပ်ပုံပါ တစ်ထောင်ကျပ်တန် ငွေစက္ကူတစ်သောင်းကျပ်နှုန်း လဲလှယ်ပေးလျက်ရှိကြောင်း သိရသည်။

 

963.

 

" တစ်ဦးကို တစ်သောင်းနှုန်းနဲ့ မှတ်ပုံတင် ဒါမှမဟုတ် လိုင်စင်ပါရင် လဲလှယ်ပေးပါတယ်။ ဒီလိုလုပ်တာကလည်း တစ်ထောင်တန်ငွေစက္ကူအသစ်အများ ပြည်သူရရှိစေဖို့နဲ့ တစ်ဦးတည်း အများအပြား ထုတ်လို့မရအောင် ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။"ဟု မြန်မာ့စီးပွားရေးဘဏ်(၁) မန္တလေးတာဝန်ခံ ဦးမျိုးထွန်းအောင်က ပြောသည်။

 

8520

 

သူရိန်လင်း

 

741