ရန်ကုန်   ၇ ဇန်နဝါရီ  

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရေတွင်းကုန်းရပ်ကွက် (၁၁၈)လမ်းနှင့် (၁၁၉) လမ်းတို့ရှိ နောက်ဖေးလမ်းကြားများမှ အမှိုက်များရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့် ပရဟိတလုပ်အားပေးသူများက သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

mdn

 

အဆိုပါ နောက်ဖေးလမ်းကြားသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကြီးကြပ်ခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်စည်း ပေးခဲ့ကြောင်း သိရသည်။

 

mdn

 

နောက်ဖေးလမ်းကြားများသို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းသည် မြို့တော်၏သန့်ရှင်းသာယာလှပမှုကို အကျည်းတန် စေသည့်အပြင် ပြည်သူများ၏ကျန်းမာရေးကိုလည်းထိခိုက်နိုင်သည့်အတွက် စည်းကမ်း တကျ အမှိုက်များကို စွန့်ပစ်ရန်လိုကြောင်းနှင့် ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်ကြရန် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးခင်လှိုင်က တိုက်တွန်းထားကြောင်း သိရသည်။

 

ချစ်စုဝေ(ပြန်/ဆက်)