လဟယ် ၇ ဇန်နဝါရီ     

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် သက်တမ်းကုန်လွန်ပြီး  ကျန်းမာရေးနှင့်  မညီညွတ်သည့် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများကို ယမန်နေ့က မြို့အဝင် လမ်းဆုံ၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

mdn

 

သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ မီးရှို့ဖျက်ဆီးရခြင်းနှင့်ပတ်သက်၍ မြို့နယ်ဆရာဝန်  ဒေါက်တာ သက်ဇင်အောင်က ဦးစွာရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေး ဦးစီးမှူး  ဒေါက်တာမျိုးမင်းအောင်က သားငါးဆိုင်ရာ ရောဂါများကို ရှင်းလင်းပြောကြားပြီး လဟယ် မြို့နယ် ရဲစခန်းမှူးက သားငါးဆိုင်ရာဥပဒေများကို ထပ်မံရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

mdn

 

စနေမောင်(ခန္တီး)