ရန်ကုန် ၇ ဇန်နဝါရီ  

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် တင်ဆက်နိုင်ရန် တရုတ်နိုင်ငံ (China Central Television - CCTV)မှ ရိုက်ကူးရေးအဖွဲ့သည် ရန်ကုန်၊ မန္တလေးနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့တွင် ဇန်နဝါရီ ၅ ရက်မှ စတင်ရိုက်ကူးလျက်ရှိသည်။    

 

v1

 

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ဇန်နဝါရီ ၅ ရက်က ရန်ကုန်မြို့ရှိ ရွှေတိဂုံ၊ ဆူးလေနှင့် ဗိုလ်တ‌ထောင် စေတီတော်၊ မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်တို့အားလည်းကောင်း၊ ဇန်နဝါရီ ၆ ရက်က နေပြည်တော်ကောင်စီနယ်မြေရှိ ဟိုတယ်ဇုန်(၁)တွင် လည်းကောင်း မှတ်တမ်းရိုက်ကူးခဲ့သည်။

 

v3

 

အဆိုပါအဖွဲ့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများ၊ ပုပ္ပါးတောင်နှင့် မန္တလေးမြို့ရှိ နန်းတော်နှင့် မန္တလေးတောင်တို့တွင် ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း၊ ထိုသို့ရိုက်ကူးထားမှုများကို (CCTV) ရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

အောင်နိုင်ဦး(FDC)