ရန်ကုန်  ၈  ဇန်နဝါရီ‌          

 

တောင်ဥက္ကလာပမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်ကျင်းပမည့် နှစ်ဦးအကြို စုပေါင်းစက်ဘီးစီးနင်းပွဲနှင့် စနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရေး အသိပညာပေးလှုပ်ရှားမှု အစီအစဉ်ကို ၁၂..၂၀၂၀ ရက်နေ့၊ တနင်္ဂနွေနေ့၊ နံနက် ()နာရီအချိန်၌ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာပန်းခြံရှေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

 

 

အဆိုပါစက်ဘီးစီးနင်းမည့်လမ်း‌ကြောင်းမှာ သုမင်္ဂလာလမ်း၊ ရတနာလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ ရတနာလမ်းနှင့် သုမင်္ဂလာလမ်းများဖြစ်ပြီး မည်သူမဆို မိမိကြိုက်နှစ်သက်ရာ စက်ဘီးဖြင့် လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။

 

နေထက်အောင်