အလုံ ၈ ဇန်နဝါရီ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဆရာမကြီး ဒေါ်လှသိန်းယဉ်နှင့် သူနာပြုသားဖွားဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများသည် ဇန်နဝါရီ ၈ ရက်၊ နံနက်ပိုင်းက အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အလုံမြို့နယ်အတွင်းနေထိုင်လျက်ရှီသော သွေးတိုး-ဆီးချို၊ သွေးချိုရောဂါ ဝေဒနာရှင်များကို အခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။
အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆီးချို-သွေးချိုနှင့် သွေးတိုးရောဂါများကို အခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။
ကိုတင်မောင်ဦး (အလုံ)