ဆီဆိုင်  ၉  ဇန်နဝါရီ     

 

ဆီဆိုင်မြို့နယ်အတွင်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

mdn

 

ရှေးဦးစွာ မြို့နယ်ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မှ မြန်မာနိုင်ငံရဲ့ တိကျခိုင်မာတဲ့ လူဦးရေစာရင်းအင်း၊ စီးပွားရေးဆိုင်ရာ စာရင်းအင်းများ အချိန်နှင့် တစ်ပြေးညီဖြစ်ရန်အတွက် ၂၀၁၉ ခုနှစ်၊ ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေးကို နိုင်ငံတော်သမ္မကရုံးက ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ ဆီဆိုင်မြို့နယ်အတွင်း ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ၊ ရပ်ကွက်/ ကျေးရွာအုပ်စု ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီတို့ကို ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇)အုပ်စုအတွင်းရှိ ကောက်ကွက် (၉)ကွက်ဖြင့် မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူ သွားမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းဝင်းမှ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

mdn

 

ဆီဆိုင်မြို့နယ်အတွင်းတွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ဇန်နဝါရီ ၁၅ ရက်မှ ၂၅ ရက်နေ့ထိ မြေပြင်ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

ခွန်ရဲထွေး(ဆီဆိုင်)