လွိုင်ကော်  ၉ ဇန်နဝါရီ   

 

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် တိုက်ကွမ်ဒိုပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီမှ စ၍ လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ်(၂)နှင့် ပြည်နယ်မီးသတ် ဦးစီးဌာနရုံး ခန်းမတို့၌ ကျင်းပသည်။

 

mdn

 

တိုက်ကွမ်ဒိုပြိုင်ပွဲကို လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်ရှိ အားကစားရုံသစ်(၂)၌ ကျင်းပရာ ကကွက်ပြိုင်ပွဲတွင် တစ်ဦးချင်း၊ နှစ်ဦးချင်း၊ သုံးဦးချင်း စသော ပြိုင်ပွဲဝင် ကစားသမား ၂၀ဝ ကျော်၊ အတိုက်ပြိုင်ပွဲတွင် ကစားသမား ၆၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စစ်တုရင်ပြိုင်ပွဲကို ပြည်နယ် မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ အကြီးတန်းပြိုင်ပွဲတွင် ကစားသမား ၁၀ ဦး၊ လူသစ်တန်း ပြိုင်ပွဲတွင် ကစားသမား ၈ ဦး၊ လူငယ်တန်းပြိုင်ပွဲတွင် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၁၀ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

 

mdn

 

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်ထိ စည်းကားသိုက်မြိုက်စွာ ကျင်းပမည့်ဖြစ်ရာ အားကစားပြိုင်ပွဲများနှင့် ရိုးရာပြိုင်ပွဲများအဖြစ် ဘော်လီဘော၊ ကရာတေး၊ တိုက်ကွမ်ဒို၊ ရိုးရာလက်ဝှေ့၊ ချောတိုင်တက်၊ စစ်တုရင်၊ ဂေါက်သီး၊ ရိုးရာနပန်း၊ စပါးထောင်း၊ ရိုးရာဗုံပုလွေ၊ ရိုးရာဆန်ပြုတ်ချက်နှင့် ရိုးရာခြင်းလုံးပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

ရီရယ်(ဒီးမော့ဆို)

 

mdn