ကြာအင်းဆိပ်ကြီး ၉ ဇန်နဝါရီ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် နိုင်ငံတော်ဓာတ်အားလိုင်းမှ (၂၄)နာရီ လျှပ်စစ် မီးရရှိပြီးဖြစ်သဖြင့် ပြည်သူများလူမှုစီးပွားဘဝ တိုးတက်မြင့်မားလာတော့မည်ဖြစ်သည်။
အဆိုပါ နိုင်ငံတော်ဓာတ်အားလိုင်းကို ကော့ကရိတ်မြို့ဓာတ်အားလိုင်းခွဲရုံမှ 66KV ကော့ကရိတ် - ကြာအင်းဆိပ်ကြီး ၄၁.၄၈ မိုင်ရှိ ကြာအင်းဆိပ်ကြီးဓာတ်အားခွဲရုံ 66/11 KV 10MVA ဖြင့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီးများကို စတင်လွှတ်ပေးခဲ့ကာ အများပြည်သူများ အဆင်ပြေစွာ အသုံးပြုနိုင်ပြီးဖြစ်ကြောင်း သိရသည်။
၎င်းကြာအင်းဆိပ်ကြီးမြို့ 66/11 KV 10 MVA ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူး ပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၆)ရွာ အိမ်ထောင်စုပေါင်း (၄၇၇၅)စု အား လျှပ်စစ်ဓာတ်အားများကိုဖြန့်ဖြူးပေးနိုင်ခဲ့ပြီး မကြာမီအချိန်တွင် ကျေးရွာပေါင်း(၁၉)ရွာ အိမ်ထောင်စုပေါင်း (၂၆၈၂)စုကို လျှပ်စစ်ဓာတ်အားများဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ကျေးရွာ(၇)ရွာနှင့်အိမ်ထောင်စု(၈၆၂)စုအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး အတွက် စီမံချက်များရေးဆွဲထားပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်ဦးစီးမှူးဦးအုန်းထွန်းထံမှ သိရသည်။
မျိုးမင်းဦးပြန်/ဆက်


