ရွှေတောင် ၉ ဇန်နဝါရီ        

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွှေတောင်မြို့နယ် မဲတော(အမက)ကျောင်းနှင့် ရှင်ညို(အမက)ကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

mdn

 

ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူအား စာဖတ်စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်၍ စာကြည့်တိုက်မှူး ဒေါ်နွေးဒါလီနိုင်က စက္ကူပြဇာတ်ပြသပေးခြင်း၊ ဘုတ်ပြား ပြဇာတ်ပြသ ပေးခြင်းနှင့် ရုပ်သံ ကျွမ်းကျင်-၃ ဒေါ်အေးအေးခိုင်က ပုံပြင်စာအုပ်ဖတ်ပြခြင်းစသည့် ဗဟုသုတရစေမည့် အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူလေးများ ပျော်ရွှင်စေရန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

 

mdn

 

ဆက်လက်ပြီး အသိပညာဗဟုသုတတိုးပွါးစေရန် ပုံပြင်စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ 

 

mdn

 

ကိုကိုမင်း(ပြန်/ဆက်)