နတ်တလင်း ၉  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အခြေခံပညာဦးစီးဌာန မြို့နယ်တွဲလက်များအဖွဲ့ စာပေချစ်မြတ်နိးသူများနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပ‌သော နတ်တလင်းမြို့ ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်‌ဈေး‌ရောင်းပွဲ‌တော်ကို ရန်ကုန်-ပြည်လမ်းရှိ မြို့နယ်အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၁၁ ရက်နေ့ နံနက် (၈) နာရီမှညနေ (၅) နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်သည်။

 

အဆိုပါ ကလေးစာပေပွဲတော်တွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်းစကားပြော၊ ပန်းချီဆေးရောင်ခြယ် ၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဉာဏ်စမ်းပဟေဠိ၊ စာဖတ်စွမ်းရည်၊ စက္ကူခေါက်ဂိမ်းကစားနည်းများ၊ တေးသရုပ်ဖော် အကပဒေသာများ ပန်းချီပြခန်းအသိပညာပေးပြခန်းများ ရှန်တီကလေးစာဖတ်ခန်း စာအုပ် အရောင်းဆိုင်များအပြင် မြို့နယ်အတွင်းရှိ စေတနာရှင်များမှ စတုဒိသာ မုန့်နှင့် အချိုရည်များ တိုက်ကျွေးလှူဒါန်းပြီး ကလေးစာပေပွဲတော်သို့ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲ နိုင်ကြောင်း သိရသည်။

 

တင်ဝင်းဇော်(မင်းသားကြီး)