လပွတ္တာ ၉ ဒီဇင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့စီစဉ်မှုဖြင့်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော် (လပွတ္တာ)တွင် အားကစားပြိုင်ပွဲများကို လူအများစိတ်ဝင်စားစွာဖြင့် ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။

 

ပွဲတော်လာ ကျောင်းသား ကျောင်းသူများက အုန်းသီးရိုက်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဆန်ကောရွက် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြကာ ကလေးစာပေပွဲတော်တွင် ပျော်ရွှင်စွာ ဝင်ရောက် ဆင်နွှဲကြကြောင်း သိရသည်။

 

လပွတ္တာ ကလေးစာပေပွဲတော်ကို ဇန်နဝါရီ ၇  ရက်နေ့မှ ၈ ရက်နေ့အထိ အုန်းသီးရိုက်ပြိုင်ပွဲ၊ အိပ်စွပ်အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ ဂွေလှည့်ပြိုင်ပွဲများဖြင့် ထည့်သွင်းကျင်းပရာ ပွဲတော်လာ ကျောင်းသား ကျောင်းသူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

 

လပွတ္တာ ပြန်/ဆက်

e IMG_20