ရန်ကုန် ၉  ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ ပြည်ထောင်စု လမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်)တွင် (၂၄)ကြိမ် မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်မှ စတင်ကျင်းပလျက်ရှိရာ မြို့နယ် လုံးဆိုင်ရာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် အဆိုပါ စေတီတော်ရင်ပြင်တွင် ကျင်းပမည် ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။

 

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပရိဝေဓ(၃)ရပ်သော သာသနာ့ဝန် ထမ်းဆောင်နေကြသည့် ဘုရားအမှူးရှိသော ပင့်သံဃာ(၁၀၉)ပါးတို့အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပမည်ဖြစ်၍ ဆွမ်းဆန်စိမ်းနှင့် မိမိတို့နှစ်သက်ရာ ဒါတဗ္ဗဝတ္တုအစုစုတို့ဖြင့် လောင်းလှူပူဇော် ကုသိုလ်တော်ယူနိုင်ကြောင်းသတင်းရရှိသည်။

 

မြင့်ရီ(ပြန်/ဆက်)