တွန်းဇံ ဇန်နဝါရီ

 

Global Chin Chrstiam Federation (GCCF) မှ ဒေါက်တာလှအောင် ဦးဆောင်မှုဖြင့် ဂျာမနီနိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Schoefung Bewahrn Konkret မှ တွန်းဇံမြို့နယ် ပြည်သူ့ဆေးရုံ (၂၄)နာရီ မီလင်းနိုင်ရေးအတွက် မြန်မာငွေကျပ် သိန်း (၅၀၀)ကျော် တန်ဖိုးရှိ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများနှင့် Ultra Sound စက်တစ်လုံးတို့ကို လာရောက်လှူဒါန်း တပ်ဆင်ပြီးဖြစ်ရာ ဆိုလာမီးဖွင့်ပွဲနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို တွန်းဇံမြို့ ပြည်သူ့ဆေးရုံခန်းမတွင် ယနေ့ မွန်းလွဲ နာရီက ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းစိုးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်းခိုင်တို့က ကျေးဇူးတင်စကား ပြောကြားခဲ့ကြပြီး မြို့နယ်ကျန်းမာရေး မိသားစုများနှင့် မြို့နယ်ကျန်းမာရေး ကော်မတီဝင်များက အလှူရှင်များအား ဂုဏ်ပြုလက်မှတ်များနှင့် ရိုးရာအဝတ်အထည်များကို ပြန်လည်ပေးခဲ့ကြသည်။

 

ထို့နောက် အလှူရှင်များကိုယ်စား အဖွဲ့ခေါင်းဆောင် ဂျာမနီနိုင်ငံသား မစ္စတာဟန်က ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ရေရှည်အသုံးပြုနိုင်ရေးအတွက် လမ်းညွှန်အမှာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ဝေဖြိုး(ဇလပ်မြေ)