ရေကြည် ၉ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကညင်ငူကျေးရွာအုပ်စုတွင် ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့သော မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၃ နာရီခွဲက ကညင်ငူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နေအိမ်၌ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
ကညင်ငူကျေးရွာအုပ်စုတွင် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြစ်ကမ်းပါးပြိုကျသဖြင့် နေအိမ်(၄)လုံး ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများမှ မိသားစုဝင် (၂၂)ဦးစာအတွက် ဆန်ရိက္ခာ (၇)ရက်စာနှင့် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ ကျပ် ၄၄၆၂၀၀ ကို ဘေးသင့်မိသားစုများထံအရောက် လွှဲပြောင်းပေးအပ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(ရေကြည်)မှ တာဝန်ရှိသူများသည် ကမ်းပြို၍ ရွှေ့ပြောင်းရသော မိသားစုများ နေအိမ်အရောက် သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
ဆန်းတင့်(ရေကြည်)