လိုင်လင်းပီ ၁၀ ဇန်နဝါရီ  

 

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ စက်သုံးဆီဆိုင်ငယ်များ ရောင်းချမည့်နေရာ သတ်မှတ်နိုင်ရေးအတွက် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ (၉)ရက်တွင်   မြေနေရာ ကွင်းဆင်းတိုင်းတာခြင်းကို ဆောင်ရွက်ခဲ့သည်။

 

"မကြာခင်မှာ ပွင့်လင်းရာသီရောက်တော့မှာဆိုတော့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် စက်သုံးဆီတွေကို မြို့တွင်းမှာ ရောင်းချမှုမရှိဖို့နဲ့ စက်သုံးဆီ ရောင်းချလိုသူတွေအတွက် မြေနေရာ တိတိကျကျ သတ်မှတ်ပြီး အဲဒီနေရာတွေမှာသာ ရောင်းချမှု ပြုလုပ်ကြဖို့အတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြတာပါ" ဟု လိုင်လင်းပီနယ်မြေ မီးသတ်ဦးစီးမှူး ဦးလျန်တီာလ်က ပြောပြခဲ့သည်။

 

အဆိုပါ စက်သုံးဆီဆိုင်ငယ်များ ရောင်းချမည့်နေရာ သတ်မှတ်နိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ဌာနဆိုင်ရာများနှင့် ပူးပေါင်းကွင်းဆင်းခြင်းဖြစ်ကြောင်း၊ စက်သုံးဆီဆိုင်ငယ်များ ရောင်းချလိုသူ စုစုပေါင်း (၇)ဦးရှိကြောင်း သိရသည်။

 

ကိုလိန်း(ပြန်/ဆက်)