မန္တလေး ၁၀ ဇန်နဝါရီ

 

ဗဟိုမီးသတ်သင်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော လက်ထောက် မီးသတ်ဦးစီးမှူးလောင်း သင်တန်း အမှတ်စဉ် (၁၈/၂၀၁၉)တွင် သင်တန်းသား၊ သင်တန်းသူများ၏ ကလေးသူငယ်များအတွက် သဘာဝ ဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး(Kaeru Caravan) လက်တွေ့ သရုပ်ပြမှုကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွား ရပ်ကွက်၊ အထက(၁၇)တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

52

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စက်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သူရနှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဉီးစီးဌာနမှ သိရသည်။

 

852

 

MDN