ကျိုက်မရော ၁၀ ဇန်နဝါရီ   

 

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ကျိုက်မရောလူငယ် ပရဟိတ အဖွဲ့မှဦးဆောင်၍  လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲကို ယနေ့ နံနက် ၇ နာရီက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးဝန်းအတွင်းနှင့် ပြည်သူ့ဈေးရှေ့တို့တွင် ပြုလုပ်ခဲ့သည်။

 

လူတိုင်းစည်းကမ်းရှိစွာဖြင့် တစ်စမြင်တစ်စကောက် အမှိုက်ပျောက်ဆိုသည့်အတိုင်း အမှိုက်ကင်းစင်ပြီး သာယာလှပသောမြို့နယ်တစ်ခုဖြစ်စေရန် လူတိုင်းပါဝင် အမှိုက်ကောက်စေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှိုက်ကောက်ပွဲတွင် ဦးဆောင်လှုပ်ရှားသူ ဦးဖေသန်းက ပြောပြခဲ့သည်။ အဆိုပါ စုပေါင်းအမှိုက်ကောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ရာ လူတိုင်းပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

ချို မြတ်မြတ်ထွေး (ကျိုက်မရော)

 

mdn