ပေါက် ၁၀ ဇန်နဝါရီ
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပေါက်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ပေါက်မြို့နယ်အခြေခံပညာ အထက်တန်းကျောင်း စကားခန်းမ၌ ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အခမ်းအနားတွင် ပေါက်မြို့ အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာပန်း ခင်း တေးသီချင်းဖြင့် သရုပ်ဖော်ဖွင့်လှစ်ပေးကာ ပေါက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးရဲထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ဌေးက ကျောင်းသား ကျောင်းသူများ၏ ပညာရေး၊ ရှေ့ဆက်သင်ကြားရမည့် ပညာရေး ရည်မှန်းချက်နှင့် မိဘဆရာကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံကြရသည့် ပညာရေးစုံညီပွဲတော်အကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပေါက်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးအောင်ထွန်းက ပညာ ရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ဉာဏ၊ စာရိတ္တကဏ္ဍ အသီးသီးတွင် ထူးချွန်သည့် ကျောင်းသား ကျောင်းသူများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းဝင်း၊ ပေါက်မြို့မရဲစခန်းမှ စခန်းမှူးဇောယျာသန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ဉာဏ်တိုး(ပေါက်)


