ပုဗ္ဗသီရိ ၁၀ ဇန်နဝါရီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားများအား သုံးလလျှင်တစ်ကြိမ် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ ပေးလျက်ရှိရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ယနေ့နံနက်ပိုင်းမှစ၍ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို(အောက်တိုဘာ၊ နိုဝင်ဘာလနှင့်ဒီဇင်ဘာလ) များအတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၃၇၁)ဦးကို တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ်(၃၀ဝ၀ဝ)နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၁,၁၃၀,ဝ၀ဝ)ကို ပုဗ္ဗသီရိမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)