ကော့သောင်း ၁၀ ဇန်နဝါရီ

 

ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်း‌ကျော်လွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံသို့ ပြန်လည်လွဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၄ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၂၄ဦးကို  ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်းမြို့နယ်တာဝန်ရှိအဖွဲ့အစည်းများက ပြန်လည် လက်ခံခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ အလုပ်သမားများအား ကော့သောင်းခရိုင်နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုလက်ခံကြကာ ပြည်သူ့ကျန်းမာရေးဌာနမှ လိုအပ်သည့် ကျန်းမာရေးပြုစုရှောက်မှုများ  ဆောင်ရွက်ပေးပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)