မော်လမြိုင်   ၁၀ ဇန်နဝါရီ

 

မွန်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့  e-Government  အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ အခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၁၉) နှင့် (၄/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်း က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ဟင်္သာခန်းမ ၌ ကျင်းပသည်။

 

ရှေ့ဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော် က သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ယင်းနောက်   ကွန်ပျူတာတက္ကသိုလ် (သထုံ)၊ မော်ကွန်းထိန်း ဦးဝင်းဗိုလ် က သင်တန်းဖွင့်လှစ်ခဲ့မှု နှင့်  ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ 

 

ဆက်လက်၍  အခြေခံ ကွန်ပျူတာသင်တန်း (၃/၂၀၁၉) နှင့် (၄/၂၀၁၉) သင်တန်းများတွင်  ဘာသာရပ် အလိုက် ထူးချွန်ဆုရရှိသူများနှင့်   သင်တန်းတွင် နည်းပြအဖြစ် ဆောင်ရွက်ခဲ့ကြသော နည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများကို မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝဏ္ဏကျော်နှင့် တာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့ကြသည်။

 

ထို့နောက် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၃/၂၀၁၉)နှင့်(၄/၂၀၁၉) သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားသင်တန်းသူ တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ညီညီချမ်း(ပြန်/ဆက်)