ဝေါ ၁၀ ဇန်နဝါရီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းလက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဟန် နှင့် ဝန်ထမ်းများသည်  ဒီဇင်ဘာ ၁၀ ရက် နံနက် (၁၁)နာရီက ဝေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မီးဘေးသင့်နေအိမ်မိသားစုအတွက် ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။

 

98

 

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့အေးချမ်းသာယာရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၅)လုံး အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ ကျပ် ၉၀ဝ,ဝ၀ဝ၊ လူဦးရေ (၁၄)ဦးအတွက် ဆန် ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ ငွေ (၂၉၄၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၂၉၄၀ဝ)ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း (၁၉)မျိုးတို့ကို မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်မြတ်လင်း(ပြန်/ဆက်)