နေပြည်တော် ၁၀ ဇန်နဝါရီ
မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ် တုံ့ပြန် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ကမ္ဘောဇဘဏ်လီမိတက်က ဖိုင်ဘာစက်လှေတစ်စီးလျင် ငွေကျပ် (၂,၇၅၀,ဝ၀ဝ/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၄ ဒသမ ၇၅၀) သန်း တန်ဖိုးရှိ ဖိုင်ဘာစက်လှေ ၉ စီးကို ကမ္ဘောဇဘဏ်လီမိတက်၊ ဒုတိယ အမှုဆောင်အရာရှိချုပ် (၁) ဦးအောင်ကျော်မျိုးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)