နေပြည်တော်  ၁၀  ဇန်နဝါရီ 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျနှင့်အတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇန်နဝါရီ ၆ ရက်မှ ၉ ရက်အထိ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ ကော့သောင်းမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အောင်သာယာကျေးရွာအဝင်လမ်းပေါ်ရှိ ပေ ၅၀ တံတားနှင့် အောင်သာယာ-လုံးတော-နမ္မနွယ်လမ်းပေါ်ရှိ ပေ ၃၀ တံတား (၂)စင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြု-ရွာဟေ့လူ လမ်းပေါ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်လမ်း (၆/၄) မိုင်၊ Box Culvert အစင်း (၂၀) တည်ဆောက်နေမှု၊ အဆိုပါလမ်းပေါ်ရှိ ဘေလီတံတား ပေ ၃၀ တံတား (၂)စင်းနှင့် ပေ ၂၀ (၁)စင်း၊မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားခဲ့သည့် မြေလမ်း(၁၅/ဝ)မိုင်ပြုပြင်ခြင်း၊ မြေဖြတ်ခြင်း(ဝ/၁)မိုင်ဆောင်ရွက်နေမှုများနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်တံတား ပေ ၁၀ဝ၊  ၆၅ ပေနှင့် မြေထိန်းနံရံတည်ဆောက်မှု လုပ်ငန်းခွင်များသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး လိုအပ် သည်များ မှာကြားခဲ့သည်။

ယင်းနောက် ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအနောက်ရပ်ကွက်၊ တန်ဖိုးနည်း အိမ်ရာ (၂၀) ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ ၉ ရက်တွင် တနင်္သာရီမြို့နယ်အတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် ဘန်လော-ဘန်တဲ-ကျောက်မီး ကျောင်းလမ်းပေါ်ရှိ ကျေးရွာချင်းဆက်မြေသားလမ်း (၅/ဝ) မိုင်နှင့် Box Culvert (၉) စင်း တည်ဆောက်ပြီးစီးမှု အခြေအနေအားလည်းကောင်း၊ အဆိုပါလမ်းပေါ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်တံတား ၄၅ ပေ၊ စတိန် သောင်-မမသောင် ကျေးရွာချင်းဆက် ကျောက်ခင်းလမ်း  (၁/၂) မိုင် ဆောင်ရွက်နေမှုများ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုဆောင်ရွက်နေသောလုပ်ငန်းများသည် ဒေသခံပြည်သူများ အတွက် အကျိုးပြုမည့် လုပ်ငန်းများဖြစ်သဖြင့် တာဝန်ခံကုမ္ပဏီများအနေဖြင့် အချိန်မီပြီးစီး အောင် စေတနာထားဆောင်ရွက်သွားကြရန်နှင့် ဒေသခံပြည်သူများမှလည်း လမ်းရေရှည် တည်တံ့ကောင်းမွန်စေရန်အတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းသွားကြရန် မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

(သတင်းစဉ်)