တောင်ကုတ်     ၁၀      ဇန်နဝါရီ   

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တောင်ကုတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီတို့ ပူးပေါင်း ကျင်းပသော  ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ယနေ့ မွန်းလွဲ ပိုင်းက တောင်ကုတ်ဒီဂရီကောလိပ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပသည်။

 

၆

 

ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၊  ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ၊  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ တောင်ကုတ်ဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထွဋ်လွင်နှင့် မြို့မိမြို့ဖ ဦးကျောက်တောင်တို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းသားကျောင်းသူလေးများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။

 

‌ေ

 

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ကျင်းပရာ အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက Theme Song  ကို သီဆိုသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဖွင့်အမှာစကား ပြောကြား ရာတွင်  ရခိုင်ပြည်နယ်၌ ကလေးစာပေပွဲတော်များကို ကျင်းပလာခဲ့သည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် ယခု တောင်ကုတ်မြို့အပါအဝင် ၄ ကြိမ်မြောက် ကျင်းပပေး နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့လူငယ်များသည် နောင်အနာဂါတ်တွင် ရခိုင်ပြည်နယ်ကို ဦးဆောင် ဦးရွက်ပြုလာမည့် လူငယ်များဖြစ်ပါကြောင်း။

 

၅

 

ကလေးများသည် အဖြူရောင်ပန်းလေးများကဲ့သို့  အပြစ်ကင်းစင်ပြီး ဖြစ်သဖြင့် ကလေးများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အသိပညာ ဗဟုသုတမြင့်မားအောင် ပြုစုပျိုး ထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်ကို ကလေးငယ်များအား စာအုပ်စာပေတွင်  နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရေး၊ ကလေးစာပေ ပွဲတော်တွင် ပျော်ရွှင်စွာဆင်နွဲ့ရင်း စုပေါင်းပါဝင်ဆောင်ရွက်ရသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ပညာဗဟုသုတများ လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂါတ်တွင် တိုင်းပြည် အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများ ဖြစ်လာစေရန် ရည်ရွယ်လျက်   ကျင်းပပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

၅

 

ဆက်လက်၍  ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အမှာစကားပြောကြားသည်။

ထို့နောက်  မြို့မိမြို့ဖ  ဦးကျောက်တောင်က ကျေးဇူးတင်စကား  ပြောကြား ပြီး  တောင်ကုတ်ဒီဂရီ ကောလိပ်မှ ကျောင်းသားကျောင်းသူလေးများက သမိုင်းထင်ရှား ရခိုင်သား ယိမ်းအကဖြင့်  ဖျော်ဖြေခဲ့ကြသည်။

 

အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊  ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြခန်းများ စာအုပ်အရောင်းဆိုင်နှင့် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူလေးများအား လှည့်လည်ကြည့်ရှု အားပေးပြီး လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ကြသည်။   

 

သန့်ဇင်(ခရိုင်ပြန်/ဆက်)