တပ်ကုန်း ၁၁ ဇန်နဝါရီ         
        
နေပြည်တော် တပ်ကုန်းမြို့နယ်စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဆုနှင်းပွဲနှင့်စာပေဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ  ၁၀ ရက် ည ၇ နာရီက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပသည်။

 

‌ေ

 

အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စာရေး ဆရာအသင်းဥက္ကဌ ဦးမောင်ပု(ဉာဏ်လင်း-တပ်ကုန်း)က ဖတ်ကြားခဲ့သည်။ ထို့နောက် မြို့နယ် စာရေးဆရာအသင်းမှ သက်ကြီးစာပေပညာရှင်(၃)ဦးအား မြို့နယ်စာရေးဆရာအသင်းဥက္ကဌနှင့် အသင်းဝင်များက ဂါဝရပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ပခုက္ကူဦးအုန်းဖေ စာပေဆုပြိုင်ပွဲတွင် ကဗျာပေါင်းချုပ်-ဒုတိယဆု၊ ၂၀၁၇ခုနှစ်၊ စာပေဗိမာန်စာမူ ဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ -တတိယဆု၊ ၂၀၁၈ ခုနှစ်၊ စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်  စာပေ-တတိယဆုရရှိထားသည့် စာရေးဆရာ တင်မျိုးဝင်း(မောင်လွယ်အိတ်)အား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်၍လည်းကောင်း၊ စာဆိုတော်နေ့အထိမ်းအမှတ်ဖြစ် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုပြိုင်ပွဲတွင် ဆုရရှိသူအမည်စာရင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့်တာဝန်ရှိသူများက ဖွင့်ဖောက်ကြေညာပြီး ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် စာရေးဆရာမောင်ငြိမ်းသူ (ကြို့ပင်ကောက်) က “စကားလက်ဆောင် စာလက်ဆောင်”၊ စာရေးဆရာဝေလွင်မောင်က “ရေးသည့်စာ ပြောသည့်စကား”၊ စာရေးဆရာမ ဆွေဇင်ထိုက်(ရုပ်ရှင်သရုပ်ဆောင်)က “ပြောင်းလဲခြင်းအလွန်” ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)